the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကရင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာနကော့ကရိတ်မြို့နယ်၊ တိုင်းရင်းဆေးကုခန်း၏ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လကွင်းဆင်းဆောင်ရွက်မှုနှင့် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ခရိုင်ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးဌာနမှ ဆရာမ (၁)ဦး၊ ကော့ကရိတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာမ(၂)ဦး၊ အငယ်တန်းစာရေး(၁)ဦးတို့သည် ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာအုပ်စုသို့ (၁၈.၇.၂၀၁၈)ရက်နေ့တွင်သွားရောက်၍ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှုပေးခြင်း၊ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကော့ကရိတ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှမြို့နယ် တိုင်းရင်းဆေးမှူးဒေါ်နွယ်နီထိုက်မှ ပဏမာကျန်းမာရေးစောင့်ရှောက်မှု၊ ကိုယ်တိုင်ကိုယ်ကျအိမ်တွင်း ကျန်းမာရေးပြုစုစောင့်ရှောက်မှု၊ ရောဂါမဖြစ်အောင်ကြိုတင်ကာကွယ်ခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေး၊ အိမ်တွင်းမီးဖိုချောင်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးစသည့်အကြောင်းအရာများ၊ ရေကောင်းရေသန့်ရရှိရေး၊ အညစ်အကြေးမှရောဂါပြန့်ပွားခြင်း၊ အာဟာရ အကြောင်းသိကောင်းစရာ၊ အိုင်အိုဒင်းချို့တဲ့ ရောဂါများနှင့်သွားကျန်းမာရေးဆိုင်ရာ အကြောင်းအရာများအား ဟောပြောဆွေးနွေးပေးခဲ့ပါသည်။ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောရာတွင် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၉၆)ဦး တက်ရောက်ဆွေးနွေးခဲ့ ပါသည်။

ထို့နောက် ဆေးကုသခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကုသမှုခံယူခဲ့သောလူနာဦးရေမှာ ကလေးလူနာကျား(၂)ဦးနှင့် မ (၇)ဦး၊ လူကြီးကျား(၂)ဦး၊ မ (၆)ဦး၊ စုစုပေါင်း (၁၇)ဦး တို့ကို ဆေးကုသမှုများဆောင်ရွက်ပေးခဲ့ပါသည်။ ထို့အပြင် (၁၉.၇.၂၀၁၈) ရက်နေ့၌ ကျရောက်သောအာဇာနည်နေ့ အခမ်းအနားတွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရာလူနာဦးရေ (၁၀)ဦးတို့အား ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့