ကယားပြည်နယ်ဒီးမော့ဆိုမြို့နယ် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများသည် အ ထ က သေးဆူလဲ ကျောင်းသို့ တုတ်ကွေးရောဂါ ကာကွယ်ရန်အတွက် ကျောင်းကျန်းမာရေး ပညာပေး ခြင်းများ အပြင် တိုင်းရင်းဆေးဝါး များဖြင့်လည်းကုသမှုပြုခဲ့ပါသည်။
ချောင်းဆိုးရောဂါများ အဖြစ်များပြီး ကာကွယ်ဆေး မတဲ မြင့်မိုရ်ကုန်း ဆေးနှင့် လေးညှင်းကလာပ်ဆေးများကို ပေးဝေခဲ့ပါသည်။
ကုသပေးခဲ့သောလူနာ ၈၅ ဦး ရှိပြီး အထောက်အကူပြု တိုင်းရင်းဆေးသေတ္တာ.တစ်လုံး ပေးအပ်လှူဒါန်းခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။