ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့်ကွင်းဆင်းဆေးကုသမှုပေးခြင်း
Wed , Dec 14 2022 - 03 pmပဲခူးတိုင်းဒေသကြီး ညောင်လေးပင်တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်ရီရီဝင်း ဦးဆောင်သော ဆရာ/ဆရာမများပါဝင်သည့်အဖွဲ့သည် ၁၀-၁၂-၂၀၂၂ ရက်နေ့တွင် ညောင်လေးပင်ဘိုးဘွားရိပ်၌ ကျား(၂)ဦး၊ မ(၁၄)ဦး စုစုပေါင်း(၁၆)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်း ဆေးကုသမှုပေးခဲ့ပါကြောင်းသိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၁၁-၁၂-၂၀၂၂ ရက်နေ့တွင် တော်တနီးကျောင်းတရားစခန်း၌ ကွင်းဆင်းဆေးကုသမှုပေးခဲ့ရာ လူကြီးကျား(၁၁)ဦး၊ မ(၂၆)ဦး၊ စုစုပေါင်း(၃၇)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့ ၁၆ ကုတင်ဆံတိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်လွင်လွင်အေးနှင့် အငယ်တန်းစာရေး ဒေါ်ပိုးပိုးပွင့်ဖြူတို့သည် ပေါင်းတည်ဘိုးဘွားရိပ်သာ၌ ၆-၁၂-၂၀၂၂ ရက်နေ့ တွင် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာတွင် လူနာ မ( ၁၅)ဦး အားအခမဲ့ဆေးကုသခဲ့ပါကြောင်း သိရှိရပါသည်။
သနပ်ပင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးအကြောင်းသိကောင်းစရာများ ဟောပြောခြင်း
Wed , Dec 14 2022 - 10 amပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်ခင်မြင့်သည်