အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ ရည်ညွှန်းပါစာအရ တိုင်းရင်းဆေးဝါးထုတ်လုပ် ခွင့်လိုင်စင်(အသစ်/သက်တမ်းတိုး/ဖြည့်စွက်)နှင့် မှတ်ပုံတင်(သက်တမ်းတိုး) သက်တမ်းလွန်လျှောက် ထားခြင်းများအား သက်တမ်းလွန်သည့် ကာလများနေမှုများရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် သက်တမ်း လွန်သည့်ကာလအား (၂)နှစ်အထိ သက်ဆိုင်ရာသက်တမ်းလွန်ကြေးပေးဆောင်၍ လျှောက်ထားခြင်း များ ပြုလုပ်နိုင်ပါကြောင်း ခွင့်ပြုခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။