ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
စာအမှတ်၊ တဆပ/ဆေးဝါး/၂၀၁၈ (၂၁၆၆ )
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ မေ လ( ၂၉ ) ရက်
သို့
တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူး
တိုင်းရင်းဆေးပညာဦးစီးဌာန
----------------------- တိုင်းဒေသကြီး/ပြည်နယ်
အကြောင်းအရာ။ တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့ အစည်းအဝေး (၃/၂၀၁၇) စည်းကမ်းချက်များနှင့်ပတ်သက်၍ ပြန်လည်ရုပ်သိမ်းကြောင်း ထပ်မံအကြောင်း ကြားခြင်းကိစ္စ
ရည်ညွှန်းချက်။ (၁) တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၏ (၁၃-၂-၂၀၁၇) ရက်စွဲပါ
စာအမှတ်၊ တဆပ/ဆေးဝါး/၂၀၁၇ ( ၅၃၃ )
(၂) တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၏ (၅-၆-၂၀၁၇) ရက်စွဲပါ
စာအမှတ်၊ တဆပ/ဆေးဝါး/၂၀၁၇ ( ၁၉၀၁ )
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ရည်ညွှန်းချက်(၁)ပါစာဖြင့် တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေး (၃/၂၀၁၇)မှ ဆုံးဖြတ်ချက်များအား တိုင်းဒေသကြီး/ ပြည်နယ်များမှ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အကြောင်းကြားခဲ့ပြီး ရည်ညွှန်းချက်(၂)ပါ စာဖြင့် အဆိုပါ အမိန့်ညွှန်ကြားချက်နှင့် ပတ်သက်သည့် စည်းကမ်းချက်များအား ပြန်လည်ရုပ်သိမ်းကြောင်း အကြောင်းကြားခဲ့ခြင်းအား သိရှိနိုင်ပါရန် (ထပ်မံ) ၍ အကြောင်းကြားပါသည်။
ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
(ဒေါက်တာမြင့်မြင့်သန်း၊ ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်)
မိတ္တူကို-
(၁) ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
(၂) တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့
(၃) မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို)
(၄) မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း
(၅) ရုံးလက်ခံ/ မျှောစာတွဲ