ဧရာဝတီတိုင်းဒေသကြီးသို့တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်ထုတ်လုပ်ခွင့်လိုင်စင်ကတ်ပြားများပေးပို့ခြင်း
Thu , Aug 01 2019 - 09 amဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေး (၂/၂၀၁၉) ဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ် လုပ်ခွင့်လိုင်စင်ကတ်ပြားများအား သက်ဆိုင်ရာတိုင်းဒေသကြီးဦးစီးဌာနမှူးရုံးတွင်ထုတ်ပေးနိုင်ပါရန် အတွက် အောက်ဖော်ပြပါအတိုင်း လွှဲပြောင်းပေးပို့ပါသည် -
မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးဖြစ်သဖြင့် အများပြည်သူများ သုံးစွဲရန်မသင့်လျော် ကြောင်း အသိပေးခြင်း
Wed , Jul 31 2019 - 01 pm၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ် အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင် ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။
၂။ ယင်းသို့စစ်ဆေးရာတွင် စျေးကွက်အတွင်းရောင်းချလျက်ရှိသော အောက်ဖော်ပြပါတိုင်းရင်း ဆေးဝါးသည် အနောက်တိုင်းဆေးရောနှောပြီး မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးဖြစ်သဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန်မသင့်လျော် ကြောင်း အသိပေးအပ်ပါသည်။
တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)(၈၄)မျိုးအားစာရင်းအား ထုတ်ပြန်ကြော်ငြာခြင်း
Thu , Jul 25 2019 - 10 amဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး(၁/၂၀၁၆)၊ (၂/၂၀၁၆)၊(၁/၂၀၁၇)၊ (၂/၂၀၁၇)၊ (၄/၂၀၁၇)၊ (၅/၂၀၁၇)၊ (၁/၂၀၁၈)၊ (၂/၂၀၁၈)၊ (၃/၂၀၁၈)၊ (၄/၂၀၁၈) နှင့် (၁/၂၀၁၉) တို့၏ ဆုံးဖြတ်ချက်အရ လိုအပ်ချက်များ ထုတ်ပြန်ကြော်ငြာထားရှိပြီးဖြစ်သော်လည်း ပြင်ဆင်ရန် ကျန်ရှိသောတိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)(၈၄)မျိုးအားစာရင်းပြုစု၍ပူးတွဲပါအတိုင်း ထုတ်ပြန် ကြော်ငြာလိုက်သည်။
တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (ဖြည့်စွက်) ခွင့်ပြုစာရင်း(၁၉) စောင် ထုတ်ပြန်ကြော်ငြာခြင်း
Mon , Jul 15 2019 - 09 amဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါးထုတ်လုပ် ခွင့်လိုင်စင် (ဖြည့်စွက်) များအနက်မှ (၃.၆.၁၉) ရက်နေ့မှ (၁၄.၆.၁၉) ရက်နေ့ထိ ခွင့်ပြုပြီးဖြစ်သော (၁၉) စောင်စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။