ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ တိုင်းရင်း ဆေးရုံတွင် ၁၃-၉-၂၀၂၆ ရက်နေ့ နံနက် ၉း၀၀ နာရီ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် CTME အခမ်းအနားကျင်းပရာ ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌမှ သဘာပတိ အဖြစ် ဆောင်ရွက်ကာ တိုင်းရင်းဆေးသမားတော်များက နဝရတ်ကတိသစ္စာရွတ်ဆိုကြပြီး စာတမ်းရှင် ဆေးရုံအုပ် ဦးမြင့်ခိုင်မှ နှလုံးရောဂါအကြောင်းစာတမ်းအား ဖတ်ကြားပါသည်။
အခမ်းအနားသို့ ကျိုင်းတုံ၊တာချီလိတ်၊ မိုင်းယောင်းမြို့နယ်တို့မှ ဆရာ၊ဆရာမများ၊ ကျိုင်းတုံ တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ ကျိုင်းတုံပြည်နယ် ကျန်းမာရေးဦးစီး ဌာနမှ ဒုတိယပြည်နယ်မှူးနှင့် ဆရာ၊ ဆရာမများ ၊ဖိတ်ကြားထားသောဌာနဆိုင်ရာများ စုစုပေါင်း (၆၅)ဦး တက်ရောက်ပါသည်။
ထို့နောက် တက်ရောက်လာကြသောဆရာ၊ဆရာမများ ပညာရှင်များမှ မေးမြန်းဆွေးနွေး အကြံပြု ကြပါသည်။ စာတမ်းဖတ်ကြားတင်ပြပေးသော ဆေးရုံအုပ်အား ကျိုင်းတုံတက္ကသိုလ် ရူပဗေဒဌာနမှ တွဲဖက်ပါမောက္ခ၊ တာချီလိတ်မြို့နယ် တိုင်းရင်းဆေးမှူးနှင့် လင်းသုခ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးနှင့်ဆေးကုခန်းတို့မှ ဂုဏ်ပြုဆုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။