ရှေးဦးစွာ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ရုံးတွင်း ကွန်ပျူတာဘာသာရပ် ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် IT နည်းပညာအကြောင်း ပိုမိုနားလည် လာနိုင်ခြင်း၊ Cybersecurity အန္တရာယ်များ သိရှိလာစေနိုင်ခြင်း၊ ကိုယ်ပိုင်အချက် အလက်များကို ကာကွယ်ထိန်းသိမ်းတတ်စေနိုင်ခြင်းနှင့် e-Government အကောင် အထည်ဖော်ရာတွင် ပိုမိုအဆင်ပြေစေနိုင်ခြင်းတို့အတွက်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့်လည်း သင်တန်းတွင် သင်ကြားခဲ့ရသည်များကို လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချစေလိုကြောင်း မှာကြားခဲ့ပါသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်ကသင်တန်းနည်းပြဆရာမအား ဂုဏ်ပြုလက်မှတ် ပေးအပ်ခြင်းနှင့် သင်တန်းတွင် Group Presentation ၌ အကောင်းဆုံးဆုရရှိသော Group(3) မှ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသား (၁)ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး သင်ခန်းစာများကို တိုင်းရင်းဆေးပညာဦးစီးဌာန၊ သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်၊ နည်းပညာဌာနမှ သင်ကြားပို့ချပေးခဲ့ကြောင်းသိရပါသည်။