အစည်းအဝေးတွင် ၂၀၂၀ ခုနှစ် က Third Meeting of the Task Force မှ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် တိုင်းရင်းဆေးပညာ ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များအား ပြန်လည်သုံးသပ်ကာ ဆက်လက် ဆောင်ရွက်ရမည့် ဖော်ပြပါ အစီအစဉ် များ ကို ဆွေးနွေးသဘောတူခဲ့ကြပါသည်။
ဇွန်လ (၂၉) ရက်နေ့တွင် Impact Exhibition and Convention Centre ၌ ကျင်းပသည့် ထိုင်းနိုင်ငံ၏ နှစ်ဆယ်ကြိမ်မြောက် အမျိုးသားဆေးဘက်ဝင်အပင်များ ကုန်စည်ပြပွဲ (Twentieth National Herbs Expo of Thailand) ဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြပြီး၊ BIMSTEC အဖွဲ့ဝင်နိုင်ငံများ၏ “Symposium on Best Practice in Traditional Medicine Systems of BIMSTEC Member States” စာတမ်းဖတ်ပွဲ ကို ဆက်လက် ကျင်းပ ဆောင်ရွက်ခဲ့ ပါသည်။
The Department of Traditional and Alternative Medicine of Thailand ၏ အစီအစဉ်ဖြင့် BIMSTEC အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် Centre of Applied Thai Traditional Medicine of the Faculty of Medicine, Sriraj Hospital, Mahidol University နှင့် Thai Traditional Medicine Museum သို့ လည်း သွားရောက် လေ့လာခဲ့ကြကြောင်း သိရှိ ရပါသည်။