ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့၊ ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နေနွယ်လင်း နှင့် အကြီးတန်းစာရေး ဒေါ်ခင်မေသက်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့် ဒုတိယဦးစီးမှူး ဒေါ်သဲဖြု၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြသန္တာထွန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်ထားအိဝင်းတို့ ပူးပေါင်း ပါဝင်သောအဖွဲ့သည် (၅-၁၁-၂၀၂၆) ရက်၊ ကြာသပတေးနေ့ နံနက် (၉:၀၀) နာရီမှ နေ့လည် (၁၂:၀၀) နာရီ အချိန်အထိ မြို့မကွက်သစ် အ-မ-က၊ ကျောက်ပန်းတောင်းမြို့သို့ သွားရောက်၍ “စူပါအယ်လ်နီညိုအကြောင်း” လူကြီး-မ (၂၀)ဦး၊ ကလေး-ကျား (၅၀)ဦး၊ ကလေး-မ (၈၀)ဦး၊ စုစုပေါင်း (၁၅၀)ဦးတို့အား အသိပညာပေးဟောပြောခဲ့ပြီး လူကြီး-မ (၁၅)ဦး၊ ကလေး-ကျား (၁၅)ဦး၊ ကလေး-မ (၂၆)ဦး၊ စုစုပေါင်း (၅၆)ဦးတို့အား သောက်ဆေးနှင့် လိမ်းဆေးများပေးပြီး ဆေးကုသမှုဆောင်ရွက် ပေးခဲ့ပါသည်။