တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် အနောက်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာန နှင့်အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ (၁၃-၂-၂၀၂၅) ရက်နေ့ ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်သော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား၌ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျား (၁၂)ဦး၊ မ (၂၀)ဦး၊ လူနာစုစုပေါင်း (၃၂)ဦးအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။