the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနား၌ ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြခန်းနှင့်‌ ဆေးခန်းဖွင့်လှစ်ခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်း‌ဆေးပညာဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် အရှေ့ပိုင်းခရိုင်၊ သာကေတမြို့ နယ်တိုင်းရင်းဆေးကုဌာနနှင့် မြောက်ဥက္ကလာပမြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍        (၁၄-၂-၂၀၂၅) ရက်နေ့တွင် ပြည်သူ့ရင်ပြင်တွင်ကျင်းပပြုလုပ်သော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အား ဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် အခမ်းအနား၌ ကျား (၁၉) ဦး၊ မ (၁၁) ဦး၊ စုစုပေါင်း (၃၀) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနား၌ MSMEs သစ်သီဝလံနှင့်ပြခန်းများ ပြပွဲပြိုင်ပွဲများတွင် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ (၁၁-၂-၂၅) မှ (၁၄-၂-၂၅) ရက်နေ့အထိ ပြခန်း ခင်းကျင်းပြသလျက်ရှိကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း