၂၀၂၅ ခုနှစ် မေလ ၁၉ ရက်မှ ၂၂ရက်အထိ စင်္ကာပူနိုင်ငံတွင် (၃၇) ကြိမ်မြောက် အာဆီယံ တိုင်းရင်းဆေးနှင့်ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ (TMHS PWG) အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံစီးပွားရေးအသိုက်အဝန်းတွင် တိုင်းရင်းဆေးဝါးများနှင့် ကျန်းမာရေးဖြည့်စွက်စာများကဏ္ဍ၌ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်ရန်၊ နည်းပညာလိုအပ်ချက်များ၊ လမ်းညွှန်ချက်များ တစ်သမတ်တည်း ဖြစ်စေရန်နှင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ဘရူနိုင်းဒါရုစလမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ ASEAN Alliance of Traditional Medicine Industries (AATMI), ASEAN Alliance of Health Supplement Associations (AAHSA) နှင့် အာဆီယံမဟာမိတ်အဖွဲ့များမှကိုယ်စားလှယ်များနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ တိုင်းရင်းဆေးနှင့်ကျန်းမာရေးဖြည့်စွက်စာ ထုတ်လုပ်ရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြပါသည်။
မေလ ၁၉ ရက်နေ့ နှင့် ၂၀ ရက်နေ့တို့တွင် (၃၄) ကြိမ်မြောက် TMHS Good Manufacturing Practice (GMP) Task Force အစည်းအဝေး၊ (၄၄) ကြိမ်မြောက် ASEAN Traditional Medicines and Health Supplements Scientific Committee (ATSC) အစည်းအဝေး နှင့် ကိုယ်စားလှယ်အဖွဲ့အကြီးအကဲများအစည်းအဝေး (The Meeting of Head of Delegations -HODs) များသို့ တက်ရောက်ခဲ့ကြပါသည်။
မေလ ၂၁ ရက်နေ့ နှင့် ၂၂ ရက်နေ့တို့တွင် ကျင်းပသည့် (၃၇) ကြိမ်မြောက် တိုင်းရင်းဆေး နှင့် ကျန်းမာရေးဖြည့်စွက်စာဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးသို့ ဆက်လက် တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးများတွင် -
(1) Highlights of ASEAN Meetings and Developments in Economic Integration
(2) Highlights of the 36th meeting of TMHSPWG
(3) Harmonization of Technical Requirements
(4) Development of an ASEAN Regulatory Framework for TMHS
(5) Post Market Alert System
(6) Updated from the industry: Small and Medium Enterprise (SME) Development
(7) Review of the TMHS PWG Work Programme and TMHS PWG Action Plan for 2016-2025
(8) Proposal to Enhance ACCSQ Dialogue Partner (DP) Processes များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းဖလှယ်မှုများဆောင်ရွက်ခဲ့ကြပါသည်။