the republic of the union of myanmar

ministry of health

Department of Traditional Medicine

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိဖွံ့ဖြိုးရေးဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်ချက်များ

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

(က)နိုင်ငံပိုင်သတင်းစာဖြစ်သော မြန်မာ့အလင်းသတင်းစာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးဆောင်းပါးဖြစ်သော “မြန်မာ့တိုင်းရင်းဆေးအခြေခံသဘောတရား အရ ကံ၊ စိတ်၊ ဥတု၊ အာဟာရနည်းလမ်းများဖြင့် ကိုဗစ်-၁၉ရောဂါကိုကြိုတင်ကာကွယ်ခြင်း” ဆောင်းပါး (၁)ပုဒ် ရေးသားခဲ့ပါသည်။

 

(ခ) ရုပ်သံရိုက်ကူးခြင်း

     - MRTV(တပ်ကုန်း) နှင့် MRTV (ရန်ကုန်)တို့တွင် အထူးအစီအစဉ်အဖြစ် “ကိုဗစ်-၁၉ တတိယလှိုင်းတွင် ကိုဗစ်-၁၉ ကင်းဝေးဖို့ ကံ၊ စိတ်၊ ဥတု၊ အာဟာရနှင့် ကာကွယ်စို့” ပညာပေးတေးသီချင်း ရုပ်သံရိုက်ကူးခြင်း (၁)မျိုး ရိုက်ကူးခဲ့ပါသည်။

 

(ဂ) မြန်မာ့အသံ(တပ်ကုန်း)တွင် သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်(ရေဒီယိုကဏ္ဍ) အတွက် စာမူ(၇)ပုဒ် ရေးသားအသံလွှင့်နိုင်ခဲ့ပါသည်။

 

(ဃ) MRTV တွင် ကျန်းမာရေးအတွက်တိုင်းရင်းဆေးပညာအစီအစဉ်ရိုက်ကူးနိုင်ရန်နှင့်ထုတ်လွှင့်နိုင်ရန် စာမူ (၈)ပုဒ် ရေးသားထုတ်လွှင့်နိုင်ခဲ့ပါသည်။

 

(င) စာအုပ်၊စာစောင်၊ပိုစတာများရိုက်နှိပ်ထုတ်ဝေခြင်း

      - လက်ကမ်းစာစောင်(၂)မျိုး ရိုက်နှိပ်ထုတ်ဝေခဲ့ပါသည်။

       မှတ်ချက်။       ။ ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉)ရောဂါကိုတိုင်းရင်းဆေးဖြင့်ကြိုတင်ကာ ကွယ်နိုင်ရန်နည်းလမ်းများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ပါ လက်ကမ်းစာစောင်(၂)မျိုး ရိုက်နှိပ်ထုတ်ဝေခဲ့ပါသည်။

 

(စ) TV၊ Radio၊စာနယ်ဇင်း၊ မဂ္ဂဇင်းများတွင်ကြော်ငြာမည့် တိုင်းရင်းဆေးဝါးကြော်ငြာ (၃၂)မျိုး စိစစ်ပေး နိုင်ခဲ့ပါသည်။

 

(ဆ)တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးပြတိုက်ဖွင့်လှစ်ပြသခြင်းနှင့် အထောက်အကူပြု  စာကြည့်တိုက်ထိန်းသိမ်းခြင်း ပုံမှန်ဆောင်ရွက်ပါသည်။

 

(ဇ) တိုင်းရင်းဆေးပညာဦးစီးဌာန၏ website တွင် ဖော်ပြနိုင်ရန်အတွက် ဖွံ့ဖြိုးရေးဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပုံမှန်ပေးပို့တင်ပြခြင်းဆောင်ရွက်ပါသည်။

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့