the republic of the union of myanmar

ministry of health

Department of Traditional Medicine

၂၀၂၀ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ သုတေသနဌာနစိတ်၏ နှစ်ပတ်လည်လုပ်ငန်းဆောင်ရွက်နိုင်မှု

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

(၁) စျေးကွက်သို့မရောက်မီ  မှတ်ပုံတင်လျှောက်ထားလာသော တိုင်းရင်းဆေးဝါး (၂၆၅) ဖုံအား ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း။

(၂) ပရဆေးကုန်ကြမ်း  ထောက်ခံချက်လျှောက်ထားလာသော ပရဆေးကုန်ကြမ်းများမှ (၈၄)မျိုး၏ စစ်မှန်မှုအား စစ်ဆေးပေးခြင်း။

(၃) မှတ်ပုံတင်ဆေးဝါး (၁၂၃၅)  ဖုံ၏တည်မြဲမှုနှင့်သက်တမ်း (Stability and Shelf - Life) အား စစ်ဆေးခြင်း။

(၄) တိုင်းရင်းဆေးဝါးစက်ရုံမှ ပေးပို့လာသော ဆေးဝါး (၈၀) ဖုံ အား အရည်အသွေးထိန်းသိမ်းခြင်း ဆိုင်ရာ စစ်ဆေးခြင်း။

(၅) ၂၀၂၀- ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်အတွက် တိုင်းရင်းဆေးပညာဦးစီးဌာန၏ Implementation Research များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း။

(၆)တိုင်းရင်းဆေးသုတေသနဓာတ်ခွဲခန်းစီမံခန့်ခွဲမှုစနစ်အား နိုင်ငံတကာစံချိန်စံညွှန်း International Organization for Standard ISO 9001:2015 နှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရန်  ISO 9001:2015 Quality Management System သင်တန်းအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အထောက်အပံ့ဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် Federation of Myanmar Engineering Societies, Quality Management Centre တို့ ပူးပေါင်း၍ Video Conferencing စနစ်ဖြင့် ဖွင့်လှစ်ကျင်းပခဲ့ခြင်း။

          -      Awareness Training for implementation of ISO 9001:2015 Quality Management System

         -       Internal Auditor Training for ISO 9001:2015 Quality Management System

(၇)တိုင်းရင်းဆေးပညာရှင်များအနေဖြင့် သုတေသနယဉ်ကျေးမှု ထွန်းကားလာသည်နှင့်အမျှ သုတေသနကျင့်ဝတ်ဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ လုပ်ထုံး၊လုပ်နည်းများအား စနစ်တကျသိရှိစေပြီး သုတေသန စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန် အောက်ပါသုတေသနဆိုင်ရာသင်တန်းအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ အထောက်အပံ့ဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့ပူးပေါင်း၍ Video Conferencing စနစ်ဖြင့် ဖွင့်လှစ်ကျင်းပခဲ့ခြင်း။  

          -         Training on Research Methodology

          -         Training  on Research Ethics

          -         Training  on Clinical Trial

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်