the republic of the union of myanmar

ministry of health

Department of Traditional Medicine

၂၀၁၉ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၀ ခုနှစ် စက်တင်ဘာလ အထိ ဖွံ့ဖြိုးရေးဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်ချက်များ

(က) တိုင်းရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဆောင်းပါးများရေးသားခြင်း

       -  နိုင်ငံပိုင်သတင်းစာများဖြစ်သော မြန်မာ့အလင်း၊ ကြေးမုံ၊ Global New Light of Myanmar တိုင်းရင်းဆေးပညာမဂ္ဂဇင်းအမှတ်(၃၁)တို့တွင် ကျန်းမာရေးအသိပညာပေး ဆောင်းပါး (၂၀) ပုဒ်ရေးသားခဲ့ပါသည်။

 

(ခ) ရုပ်သံရိုက်ကူးခြင်း

      - MRTV(တပ်ကုန်း)နှင့် MRTV(ရန်ကုန်)တို့တွင် အထူးအစီအစဉ်အဖြစ် ရုပ်သံရိုက်ကူးခြင်း(၄) မျိုး ရိုက်ကူးခဲ့ပါသည်။

  • ကိုဗစ်-၁၉ ပထမလှိုင်းတွင် “ကိုဗစ်ရောဂါကင်းဝေးစေရမည်၊ မြန်မာပြည်” ပညာပေး သီချင်းရိုက်ကူးထုတ်လွှင့်ခြင်း
  • MRTV မျက်မှောက်ရေးရာအဖြာဖြာအစီအစဉ်တွင် တိုင်းရင်းဆေးဝါးများနှင့်ပတ်သက်သော အမေးအဖြေကဏ္ဍကိုဆောင်ရွက်ရိုက်ကူးထုတ်လွှင့်ခြင်း၊
  • သဘာဝအစွမ်းရှိ မြန်မာ့ရိုးရာတိုင်းရင်းဆေးကုထုံးပြကွက်များ ရိုက်ကူးထုတ်လွှင့်ခြင်း၊

 

(ဂ) မြန်မာ့အသံ(တပ်ကုန်း)တွင်သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်(ရေဒီယိုကဏ္ဍ) အတွက် စာမူ(၂၂)ပုဒ် ရေးသားအသံလွှင့်နိုင်ခဲ့ပါသည်။

 

(ဃ)ကျန်းမာရေးအတွက်တိုင်းရင်းဆေးပညာအစီအစဉ်(MRTV) ရိုက်ကူးနိုင်ရန်နှင့်ထုတ်လွှင့်နိုင်ရန် စာမူ(၂၂)ပုဒ် ရေးသားထုတ်လွှင့်နိုင်ခဲ့ပါသည်။

 

(င) စာအုပ်၊စာစောင်၊ပိုစတာများ(၄)မျိုး ရိုက်နှိပ်ထုတ်ဝေခဲ့ပါသည်။

 

(စ) တိုင်းရင်းဆေးဝါးကြော်ငြာစိစစ်ခြင်း

      - TV၊ Radio၊ စာနယ်ဇင်း၊ မဂ္ဂဇင်းများတွင်ကြော်ငြာမည့် တိုင်းရင်းဆေးဝါးကြော်ငြာ (၂၈)မျိုး စိစစ်ပေးနိုင်ခဲ့ပါသည်။

 

(ဆ) (၂၀)ကြိမ်မြောက်မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့်နှီးနှောဖလှယ်ပွဲ ကျင်းပနိုင်ခဲ့ပါသည်။

 

(ဇ) တိုင်းနှင့်ပြည်နယ်များရှိ တိုင်းရင်းဆေးရုံများတွင် (၁)လတစ်ကြိမ် ကျင်းပပြုလုပ်သော စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးခြင်း(Continuous Traditional Medicine Education (CTME)) အစီအစဉ်ကျင်းပနိုင်ရန် ပူးပေါင်းဆောင်ရွက်ခြင်း CTME (၅)ခု ပြုလုပ်နိုင်ခဲ့ပါသည်။                  

 

(ဈ) တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးပြတိုက်ဖွင့်လှစ်ပြသခြင်းနှင့် အထောက်အကူပြု စာကြည့်တိုက်ထိန်းသိမ်းခြင်းလုပ်ငန်းအား ပုံမှန်ဆောင်ရွက်ပါသည်။

 

(ည) တိုင်းရင်းဆေးပညာဦးစီးဌာန၏ website တွင် ဖော်ပြနိုင်ရန်အတွက် ဖွံ့ဖြိုးရေးဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပုံမှန်ပေးပို့တင်ပြခြင်းဆောင်ရွက်ပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း