တိုင်းရင်းဆေးပညာဦးစီးဌာန ( ရုံးချုပ်) ၏လမ်းညွှန်မှု၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ( ၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ကြို့ပင်ကောက်မြို့မှ ဒုတိယဆေးရုံအုပ် ဒေါ်ဆွေဇင်ဖြိုး ၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်ဇာလီထက် နှင့် စာရေးဝန်ထမ်း (၃) ဦးတို့သည် ( ၁၁ . ၇ . ၂၀၂၅)ရက်နေ့တွင် ရွှေကြို့မြေဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသခဲ့ရာ ( ကျား -၁၁ဦး ၊ မ - ၁၄ ဦး) စုစုပေါင်းလူနာဦးရေ ( ၂၅ ) ဦးအား ဆေးကုသမှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။