the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ခရိုင်၊ မြို့နယ်တိုင်းရင်းဆေးမှူးတို့သည် (၁၂-၈-၂၀၂၅) ရက်‌‌နေ့တွင် မြို့နယ်စားသုံး သူရေးရာ ဦးစီးဌာနနှင့်ပူးပေါင်း၍ မအူပင်မြို့ အထက (၂)၊ ပညာရတနာခန်းမ၌ “မိုးရာသီတွင် အဖြစ်များ သောဝမ်းပျက်၊ ဝမ်းလျောရောဂါအကြောင်းကို‌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၅)ဦးအား အသိပညာပေးဟောပြောခဲ့ပြီး မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ များအား ကျောင်းကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ရာ  စုစုပေါင်း (၅၇)ဦး အား တိုင်းရင်းဆေး ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း