ဧရာဝတီတိုင်းဒေသကြီး ၊(၁၆) ခုတင်ဆံ့ ပုသိမ်တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်နှင့် ဆရာမ အဖွဲ့ဝင် (၅) ဦးပါဝင်သော အဖွဲ့သည် (၉.၃.၂၀၂၄) ရက်၊ စနေနေ့တွင် ပုသိမ်မြို့နယ်၊ ကြက်ပေါင်ရွာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသပေးခဲ့ရာ ကျား(၁၉)ဦး၊ မ (၆၁)ဦး၊ စုစုပေါင်း (၈၀)ဦးတို့ အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။