ဧရာဝတီတိုင်းဒေသကြီး (၁၆) ခုတင်ဆံ့ ပုသိမ်တိုင်းရင်းဆေးရုံမှ (၃၀.၃.၂၀၂၄) ရက်၊ စနေနေ့တွင် ဆေးရုံအုပ်နှင့် ဆရာမအဖွဲ့ဝင်(၅)ဦးတို့သည် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာ၊ ရွှေမြင်တင်ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသပေးခဲ့ရာ ကျား(၁၆)ဦး၊ မ (၂၉)ဦး၊ စုစုပေါင်း (၄၅)ဦးတို့ အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။