ဧရာဝတီတိုင်းဒေသကြီး (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ပုသိမ်မှ (၉.၈.၂၀၂၅) ရက်၊ စနေနေ့တွင် တိုင်းရင်းဆေးဆရာမများသည် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ ရွှေမြင်တင် ဘုန်းကြီးကျောင်းတွင် ကျင်းပလျက်ရှိသည့် (၁၀) ရက် တရားစခန်းသို့သွားရောက်၍ ကွင်းဆင်းဆေးကုသပေးခဲ့ရာ ကျား(၁၇) ဦး၊ မ (၄၆)ဦး၊ စုစုပေါင်း (၆၃)ဦးတို့ အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။