ဧရာဝတီတိုင်းဒေသကြီး (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ပုသိမ်မှ (၇-၉-၂၀၂၄) ရက်၊ စနေနေ့တွင် ဆေးရုံအုပ်နှင့် ဆရာမ အဖွဲ့ဝင် (၇) ဦးတို့သည် ပုသိမ်မြို့၊ပန်းတင်ကုန်း ၊ အမှတ်(၅)ရပ်ကွက်ရှိ ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းရုံးသို့ ကွင်းဆင်းဆေးကုသပေးခဲ့ရာ ကျား(၇)ဦး၊ မ(၃၆)ဦး၊ စုစုပေါင်း (၄၃)ဦးတို့ အား တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။