ဧရာဝတီတိုင်းဒေသကြီး (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ပုသိမ်မှ ဆေးရုံအုပ်နှင့် ဆရာမ အဖွဲ့ဝင် (၇) ဦးတို့သည် (၂-၆-၂၀၂၄) ရက်၊ တနင်္ဂနွေနေ့တွင် ပုသိမ်မြို့နယ်၊ တဲကြီးကုန်းရပ်ကွက်ရှိ ကျောက်ပုံး တောရကျောင်းတိုက်သို့ ကွင်းဆင်းဆေးကုသပေးခဲ့ရာ ကျား(၃၂)ဦး၊ မ(၇၄)ဦး၊ စုစုပေါင်း (၁၀၆)ဦးတို့ အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။