ဧရာဝတီတိုင်းဒေသကြီး (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ ပုသိမ်မြို့မှ ဆေးရုံအုပ်နှင့် ဆရာမ အဖွဲ့ဝင် (၅) ဦး တို့သည် (၁၇.၂.၂၀၂၄) ရက်၊ စနေနေ့တွင် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ ရွှေမြင်တင် ဘိုးဘွားရိပ်သာသို့ ကွင်းဆင်းဆေးကုသပေးခဲ့ရာ ကျား(၁၄)ဦး၊ မ(၂၈)ဦး၊ စုစုပေါင်း (၄၂)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။