ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများသည် ၆-၂-၂၀၂၄ ရက်နေ့တွင် အောင်သပြေဘိုးဘွားရိပ်သာသို့သွားရောက်၍ အစာမကြေရောဂါအကြောင်းသိကောင်းစရာနှင့်ဆောင်ရန်ရှောင်ရန်များအား ဘိုးဘွား ၁၄ ဦး အား အသိပညာပေးဟောပြောခဲ့ပြီး၊ ကျား ၅ဦး၊ မ ၉ ဦး၊ စုစုပေါင်းလူနာ ၁၄ ဦးအား ကွင်းဆင်းဆေးကုသမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။