ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၈.၈.၂၀၂၅) ရက်နေ့တွင် နတ်ချောင်းကျေးရွာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသခြင်းနှင့် ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ရာ ကျား (၁၈) ဦး၊ မ(၄၉) ဦး စုစုပေါင်းလူနာ ( ၆၇) ဦး ကိုကွင်းဆင်းကုသမှု ပေးခဲ့ပါသည်။ ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်းဆောင်ရန် ရှောင်ရန်များအကြောင်းကိုကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ရာ ( ၅၂) ဦး တက်ရောက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။