ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်မှ (၉-၅-၂၀၂၄) ကြာသပတေးနေ့တွင် မိချောင်းတစ်ရာကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာရှိ ဆဲမားအူဒုန်ခန်းမတွင် ပြုလုပ်သော မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများပါဝင်သော "စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကွင်းဆင်းဟောပြောသည့်အခမ်းအနား"တွင် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်သည် "နွေရာသီ အပူချိန်မြင့်နေသည့်ကာလတစ်လျှောက် ဥတုအလိုကျခန္ဓာကိုယ်၌ဖြစ်ပေါ်နေသည့်လက္ခဏာများအကြောင်းနှင့် နေထိုင်စားသောက်သင့်သည်များ ဆောင်ရန်/ရှောင်ရန်များ"ကို အခမ်းအနားတက်ရောက်လာသည့် ဒေသခံပြည်သူ (၇၀)ဦးခန့်အား တိုင်းရင်းဆေးပညာရှုထောင့်မှ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။