ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၉.၂.၂၀၂၄) ရက်နေ့တွင် ပျဉ်ချဆိပ်ကျေးရွာ၊ အ.လ.က(ခွဲ) စာသင်ကျောင်း ၌ကွင်းဆင်းဆေးကုသရာတွင် ကျား(၂၈) ဦး၊ မ(၁၂) ဦးလူနာစုစုပေါင်း (၄၀) ဦးအားကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပြီး ချောင်းဆိုးရောဂါအကြောင်းကိုလူဦးရေ (၂၀) ဦးအားကျန်းမာရေးပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။