ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၁၇.၁.၂၀၂၄) ရက်နေ့ တွင် တောက်တဲ့ရိုးကျေးရွာ အ.ထ.က စာသင်ကျောင်း၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား (၃၀) ဦး၊ မ(၂၈)ဦး လူနာစုစုပေါင်း (၅၈) ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပြီး တိုင်းရင်းဆေးပညာ သိကောင်းစရာအကြောင်းကိုလူဦးရေ.(၃၀)ဦးအားကျန်းမာရေးပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။