ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၈.၁၁.၂၀၂၃)ရက်နေ့တွင် သောင်ကြီးကျေးရွာအုပ်စု (အ.ထ.က)စာသင်ကျောင်း၌ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျား (၃၅)ဦး ၊ မ (၅၆)ဦး လူနာစုစုပေါင်း (၉၁)ဦးအား ကွင်းဆင်းကုသပေးခဲ့ပြီး ဆောင်းရာသီတွင်ဖြစ်တတ်သော ရောဂါများအကြောင်း ကိုလူဦးရေ (၄၂)ဦးအားကျန်းမာရေးပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။