ဧရာဝတီတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့ ပုသိမ်တိုင်းရင်းဆေးရုံမှ (၆.၁.၂၀၂၄) ရက်၊ စနေနေ့တွင် ဆေးရုံအုပ် ဒေါ်ဇာနည်စိုး ဦးဆောင်သော ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သော်တာစိုးနှင့် အဖွဲ့ဝင်(၆)ဦး တို့သည် ပုသိမ်မြို့နယ်၊ မျဉ်းကြောင်းကျေးရွာ၊ မျဉ်းကြောင်းဘုန်းကြီး ကျောင်းတိုက်၌ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား(၁၅)ဦး၊ မ(၄၃)ဦး ၊ စုစုပေါင်း လူနာ (၅၈)ဦးတို့အား ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။