ဧရာဝတီတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ မော်လမြိုင်ကျွန်းမှ ဆေးရုံအုပ်နှင့်အဖွဲ့သည် ၃-၁၂-၂၀၂၃ ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ လမ်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျွန်းကြီး ကျေးရွာအုပ်စု၌ ကျန်းမာရေးအသိပညာပေးခြင်းနှင့်ဆေးကုသခြင်းဆောင်ရွက်ခဲ့တွင် ကျား(၅)ဦး၊မ(၂၄)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး မော်လမြိုင်ကျွန်းမြို့ တိုင်းရင်းဆေးရုံတည်နေရာနှင့် အစာလည်းဆေး၊ ဆေးလည်းအစာအကြောင်းကိုလူဦးရေ (၅၀)ဦးအားအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။