ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၀-၅-၂၀၂၄)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ယုဝေစိုးသည် (လေးမျက်နှာ)မြို့၊ အမှတ်(၃)ရပ်ကွက်၊ (သီလရှင်စာသင်တိုက်)သို့ ကွင်းဆင်းဆေးကုသခဲ့ရာ ကျား ၈ ဦး၊ မ ၃၁ ဦး၊ စုစုပေါင်း ၃၉ ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရ သည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။