ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၃-၅-၂၀၂၄)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်မိုးဝေသည် မြန်အောင်မြို့၊အမှတ်(၃)ရပ်ကွက်၊ မုံရွာကျောင်းတိုက်သို့ သွားရောက်၍ ကွင်းဆင်းဆေးကုသခဲ့ရာတွင် ကျား(၁၄)ဦး၊ မ(၁၈)ဦး၊ စုစုပေါင်း (၃၂)ဦးအား ဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။