ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၅-၂-၂၀၂၅) ရက်နေ့တွင် အိမ်မဲမြို့၊ ကန်ကြီးဒေါင့်ကုန်းကျေးရွာအခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား (၂၀) ဦး၊ မ (၃၀) ဦး၊ စုစုပေါင်း (၅၀) ဦး အား ကွင်းဆင်းဆေးကုသမှုပေးခဲ့ပြီး၊ “ဆောင်းရာသီတွင် ဖြစ်တတ်သော ရောဂါများ အကြောင်း”က အား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။