ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တိုင်းရင်း ဆေးကုဌာနမှ (၁၆-၈-၂၀၂၄) ရက်နေ့တွင် အိမ်မဲမြို့၊ မြို့မ(၂)အခြေခံပညာ မူလတန်းကျောင်းသို့ “မိုးရာသီတွင်ဖြစ်တတ်သော ရောဂါများ” အကြောင်း အသိပညာပေးဟော ပြောခဲ့ပြီး ၊ ကျား (၂၂) ဦး၊ မ (၂၈) ဦး၊ စုစုပေါင်း (၅၀) ဦးအား ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။