ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၆-၉-၂၀၂၄) ရက်နေ့တွင် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန သဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာန၊ စားသုံးသူရေးရာ တို့နှင့် ပူးပေါင်း၍ အမှတ်(၉)ရပ်ကွက်၊ ပစ္ဆိမာရုံဘုန်းတော်ကြီး သင်စာသင်ကျောင်းရှိ ကျောင်းသား၊ကျောင်းသူ(၁၂၀)ဦးခန့်အား စျေးကွက်တွင်း သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးဝါးများ ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ကျားလူကြီး (၁၄)ဦး၊ မလူကြီး (၃၁)ဦး၊ ကျားကလေး(၁)ဦး စုစုပေါင်းလူနာ (၄၆)ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။