ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၁၅-၆-၂၀၂၄) ရက်နေ့ စနေနေ့တွင် ဆေးရုံအုပ် ဦးဆောင်သောအဖွဲ့သည် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ တယ်ချောင်းကျေးရွာသို့သွားရောက်၍ လူဦးရေ ၄၀ ဦး ခန့် အား “ကျန်းမာခြင်း၏အကျိုးကျေးဇူးများ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ကျား ၁၆ ဦး၊ မ ၂၉ ဦး တို့ အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။