ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၆.၁၁.၂၀၂၃ ရက်နေ့တွင် မအူပင်မြို့အမှတ် (၆) ရပ်ကွက် အ၊မ၊က အနောက်ပိုင်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ကျား ၁၇ ဦး၊ မ ၁၈ ဦး စုစုပေါင်း ၃၅ ဦးအား တကိုယ်ရေသန့်ရှင်းရေး အကြောင်းဟောပြောပေးပြီး ကျား (၆) ဦး၊ မ (၈) ဦး စုစုပေါင်း (၁၄) ဦး အား ဆေးကုသမှုပေးခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။