ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၅-၂-၂၀၂၄) ရက်နေ့တွင် အ၊မ၊က သူဌေးကုန်းကျောင်း၌ ကွင်းဆင်းဆေးကုသရာတွင် ကျား (၁၇) ဦး၊ မ( ၂၅) ဦး၊ စုစုပေါင်း လူနာ(၄၂) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူ ၁၃၅ ဦးကို တစ်ကိုယ်ရေ သန့်ရှင်းရေး အကြောင်း အသိပညာ ပေးဟောပြောဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။