ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၇-၁-၂၀၂၅) ရက်နေ့တွင် အ.လ.က လက်ဆွဲချောင်းရွာမ ကျောင်း၌ ကျောင်းကျန်းမာရေးဆောင်ရွက်ခဲ့ရာ လူကြီး (ကျား) (၃) ဦး၊ လူကြီး (မ) (၁၀) ဦး၊ ကလေး (ကျား) (၁၂) ဦး၊ ကလေး (မ) (၂၃) ဦး၊ စုစုပေါင်း (၄၈) ဦးအား ဆေးကုသမှုပေးခဲ့ပြီး၊ လူဦးရေ (၂၃၂) ဦးအား “ဆောင်းရာသီတွင် ဖြစ်တတ်သောရောဂါများနှင့် ဆောင်ရန်ရှောင်ရန်အစားအစာ”ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။