ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၅-၂-၂၀၂၅) ရက်နေ့တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့နှင့်ပူပေါင်း၍ ရွှေကညင်ပင်ကျေးရွာ၌ ကွင်းဆင်း ဆေးကုသမှု ဆောင်ရွက်ခဲ့ရာ လူကြီး (ကျား) (၁၅) ဦး၊ လူကြီး (မ) (၆) ဦး၊ လူနာစုစုပေါင်း (၂၁) ဦးအား ဆေးကုသမှုပေးခဲ့ပြီး၊ “ဆောင်းရာသီတွင်ဖြစ်တတ်သောရောဂါများနှင့်ဆောင်ရန်၊ ရှောင်ရန် အစားအစာ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။