ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ပင်စင်စားများ အား မြန်မာ့စီးပွားရေးဘဏ်ခွဲ ညောင်တုန်းမြို့တွင် ၂၁-၂-၂၀၂၄ မှ ၂၃-၂-၂၀၂၄ ရက်နေ့အထိ ကွင်းဆင်းဆေး ကုသပေးခဲ့ရာ ကျား (၂၇) ဦး၊ မ (၄၈) ဦး၊ စုစုပေါင်းလူနာ (၇၅) ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။