ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၂-၁၂-၂၀၂၄) ရက်နေ့တွင် ညောင်တုန်းမြို့ အ-မ-က ရွှေဟင်္သာတေကျောင်းတွင် ကျား (၅၉) ဦး၊ မ(၇၄)ဦး၊ စုစုပေါင်း (၁၃၃) ဦးအား ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ပြီး (၁၃-၁၂-၂၀၂၄) ရက်နေ့တွင် အ-မ-က အရှေ့ပိုင်းညောင်တုန်းမြို့တွင် ကွင်းဆင်းဆေးကုသမှုပေးခဲ့ရာ ကျား (၁၀၃) ဦး၊ မ (၈၇) ဦး၊ စုစုပေါင်း (၁၉၀) ဦးအား ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။