ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၅-၁-၂၀၂၄ ရက်နေ့မှ ၂၅-၁-၂၀၂၄ ရက်နေ့ အတွင်း ညောင်တုန်းမြို့ ၊ရေနံချောင်း ကျောင်းတိုက်တရားစခန်း၌ ကျား၅၄ဦး မ၃၆ဦး စုစုပေါင်း လူနာ ၉၀ ဦးအား ကွင်းဆင်းဆေးကုသမှုပေးခဲ့ပြီး ၂၃-၁-၂၀၂၄ ရက်နေ့မှ ၂၅-၁-၂၀၂၄ ရက်နေ့အတွင်း ပင်စင်လစာထုတ်ပေးမှုတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်ခွဲ၊ ညောင်တုန်းမြို့တွင် ကျား ၁၅ ဦး မ ၄၅ ဦး စုစုပေါင်းလူနာ ၆၀ ဦးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်း ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။