ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၂၄-၁၂-၂၀၂၅) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ ရွှေမြင်တင် ဘုန်းကြီးကျောင်းတွင် ကျင်းပလျက်ရှိသည့် (၁၀) ရက် တရားစခန်းသို့ ကွင်းဆင်းဆေးကုသမှုပေးခဲ့ရာ ကျား(၇) ဦး၊ မ (၃၅)ဦး၊ စုစုပေါင်း (၄၂)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။
