တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME)အခမ်းအနားကို ၁၈-၉-၂၀၂၆) ရက်နေ့၊ နံနက် (၉:၃၀)အချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ ကျင်းပရာ ပုသိမ်ခရိုင်၊ တိုင်းရင်းဆေးဆရာအသင်း ဥက္ကဋ္ဌ ဆရာကြီး ဦးဇော်မြင့်မှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ မော်လမြိုင်ကျွန်းမြို့မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ထက်ထက်လင်းမှ “နှလုံးရောဂါစာတမ်း”ကို ဖတ်ကြား ခဲ့ပါသည်။ အခမ်းအနားသို့ ဌာနဝန်ထမ်းများ၊ တိုင်းရင်းဆေးဆရာအသင်းဝင် ဆရာကြီး၊ ဆရာမကြီးများ စုစုပေါင်း (၄၇)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။




