the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် CTME အခမ်းအနား ကျင်းပခြင်း

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံး၊ ပုသိမ်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌ ဆရာကြီးဦးသိန်းဝင်းက ဆောင်ရွက်ပြီး အခမ်းအနားမှူး အဖြစ် ပုသိမ်မြို့နယ်တိုင်းရင်းဆေး ကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး‌‌ ဒေါ်ပပဝင်းမှဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်ပြီး “အရိုးပါးအရိုးပွ ရောဂါစာတမ်းကို” အိမ်မဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဖြိုးသန္တာ‌အောင်မှ ဖတ်ကြားပြီး တက်ရောက်လာသောဆရာ၊ ဆရာမများမှ စာတမ်းနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးအကြံပြုကြပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းရင်းဆေး ဆရာအသင်းမှ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း(၅၆)ဦး ခန့်တက်ရောက်ပါသည်။ အခမ်းအနားကို နံနက် (၁၀:၃၀) အချိန်တွင်ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း