ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်နှင့် ဆရာမအဖွဲ့ဝင်(၄) ဦးတို့သည် (၁၃-၇-၂၀၂၄) ရက်၊ စနေနေ့တွင် ပုသိမ်မြို့၊အမှတ်(၈)ရပ်ကွက်ရှိ ကျောက်ချောဘုန်းကြီးကျောင်းသို့ ကွင်းဆင်းဆေးကုသပေးခဲ့ရာ သံဃာ(၃၆)ပါးအား တိုင်းရင်း ဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။