ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၁၃-၇-၂၀၂၄) ရက်၊ စနေနေ့တွင် ဆေးရုံအုပ်နှင့် ဆရာမ အဖွဲ့ဝင် (၄) ဦးတို့သည် ပုသိမ်မြို့၊ အမှတ်(၈) ရပ်ကွက်ရှိ ကျောက်ချောဘုန်းကြီးကျောင်းသို့ ကွင်းဆင်းဆေးကုသပေးခဲ့ရာ သံဃာ(၃၆)ပါး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။